ဂေါင်းကြီးတို့ ရွာသာရွာ –
🤗ပရဟိတစိတ်ဓါတ် အပြည့်ရှိပြီး ရွာအကျိုးမှန်သမျှကို အားကြိုးမာန်တက် ကူညီတတ်သော ရွာကာလသားခေါင်းဆောင် ❝ဂေါင်းကြီး❞
🫣မတော်ရသေးတဲ့ ယောက္ခထီးဖြစ်သူရဲ့ အမြင်မကြည်မှု့တွေ ပြဿနာတွေကြားက ချစ်ရသူ ရွှေမှုံလေးကို အရယူမည့်သူ့ရဲ့ ရည်ရွယ်ချက်တွေ အောင်မြင်သွားမလား?
😇မြို့နဲ့အလှမ်းဝေးပေမယ့် အားကစားတစ်ခုကလွဲပြီး အရာရာတိုးတက်နေသော ရွာသာရွာလေးမှာ ဘောလုံးအားကစားကို အစပြုပြီးနောက် ရွာသူရွာသားများရဲ့ ဘောလုံးအပေါ်ရူးသွပ်မှု့တွေကို ဟာသအလွဲများနဲ့ ကြည့်ရှုခံစားရမည့် ❝ဂေါင်းကြီး❞ ဇာတ်လမ်းတွဲ
📝ဇာတ်လမ်း အကယ်ဒမီ ကျော်ကျော်ဗို နှင့် 🎬ဒါရိုက်တာ ခင်လှိုင်(ဉာဏ်ကြီးရှင်) ရိုက်ကူးထားပြီး
🌟အကယ်ဒမီ ကျော်ကျော်ဗို ၊ အိချောပို
🌟ခင်လှိုင် ၊ ဇော်ဝင်းနိုင် ၊ ညောင်ညောင် ၊ ငှက်ပျောကြော် ၊ ဦးရွှေအိုး ၊ သွက်လက်
🌟စိုးမိုးကြည် ၊ အကယ်ဒမီ ဝါဝါအောင် ၊ ဂွမ်းပုံကြီးနှင့် သရုပ်ဆောင်များစွာပါဝင်ထားသော
❝ဂေါင်းကြီးတို့ ရွာသာရွာ ❞ဟာသ ဇာတ်လမ်းတွဲကို (၂၆.၆.၂၀၂၅)ရက်နေ့မှ စတင်ပြီး အပတ်စဉ်တနင်္လာနေ့မှ သောကြာနေ့အထိ ပြသပေးသွားမှာဖြစ်ပါတယ်…